+95 9421117713

©2019 by Saetanar

ရှမ်းပြည်နယ်မြောက်ပိုင်း

စေတနာအဖွဲ့ဝင်များ

 

ရှမ်းပြည်နယ်တောင်ပိုင်း

စေတနာအဖွဲ့ဝင်များ

 

တင်လေး

အမှုဆောင်ဒါရိုက်တာ

ကျွန်တော်ကတော့ စေတနာကို ၂၀၀၃ အောက်တိုဘာလမှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ စေတနာရဲ့ဝန်ထမ်းတွေနဲ့ အလုပ်အတူတူလုပ်ရတာ ပျော်ရွှင်စရာကောင်းတယ်။ ကျွန်တော့အသက် ၈၃ နှစ်ရှိပြီဆိုပေမယ့် စိတ်ရောလူရော ကျန်းမာကြံ့ခိုင်နေတုန်းအချိန်မှာ စေတနာမှာ အလုပ်တွေလုပ်နေဦးမှာပါ။ နိပွန်ဖောင်ဒေးရှင်းနဲ့ စေတနာအဖွဲ့အစည်းလည်း မြန်မာလူမျိုးများကို ဆက်လက်ပံ့ပိုးကူညီသွားနိုင်ဖို့ မျှော်လင့်မိပါတယ်။

မိုးကိုကို

လက်ထောက်ကွင်းဆင်းအရာရှိ

အားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော်ကတော့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး စေတနာလားရှိုးရုံးမှာ ယာဉ်မောင်းရာထူးနဲ့ အလုပ်လုပ်နေတဲ့ ဦးမိုးကိုကိုဖြစ်ပါတယ်။ စေတနာမှာ ကျွန်တော်အလုပ်လုပ်လာတာ ၈ နှစ်ကျော်ရှိပါပြီ။ စေတနာက ကလေးများရဲ့ပညာရေးအတွက် ကျောင်းဆောင်သစ်ဆောက်ပေးနေတာတွေ၊ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်နေတာတွေအတွက် ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်ပြီး စေတနာမှာ အကောင်းဆုံးကြိုးစားလုပ်ကိုင်သွားပါမယ်။

နန်းလောဝ်ခမ်း

စီမံခန့်ခွဲရေးအရာရှိ

ကျွန်မကတော့ နန်းလောဝ်ခမ်းပါ။ စေတနာကို လက်ထောက်စီမံခန့်ခွဲရေးအရာရှိအနေနဲ့ ၂၀၁၂ ခုနှစ် ဩဂုတ်လက အလုပ်ဝင်ခဲ့ပါတယ်။ စေတနာက ကလေးများရဲ့ပညာရေးအတွက် ကျောင်းဆောင်သစ်တွေဆောက်ပေးရုံမဟုတ်ဘဲ ဒေသခံများရဲ့လူနေမှုဘဝအတွက် ဝင်ငွေတိုးလုပ်ငန်းများကိုပါ လုပ်နေတာဖြစ်တဲ့အတွက် စေတနာရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ရတာ အရမ်းဂုဏ်ယူမိတယ်။ အတွေ့အကြုံတွေလည်းအများကြီးရပြီး စီမံကိန်းတွေမှာပါဝင်လုပ်ကိုင်ရတာ ကြည်နူးဖို့ကောင်းပါတယ်။

နန်းလှရင်

လက်ထောက်ကွင်းဆင်းအရာရှိ

ကျွန်မနာမည် နန်းလှရင်ပါ။ စေတနာလားရှိုးရုံးမှာ လက်ထောက်ကွင်းဆင်းအရာရှိအနေနဲ့လုပ်လာတာ ၅ နှစ်ကျော်လာပါပြီ။ ဒေသခံလူမျိုးတွေနဲ့ ဆွေးနွေးညှိနှိုင်းရင်း ကျောင်းဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း၊ ဝင်ငွေတိုးလုပ်ငန်းများနှင့် စီမံကိန်းအစီအစဉ်များကိုအကောင်အထည်ဖော်ရတဲ့အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်။

ဟန်ဝင်းကြိုင်

ယာဉ်မောင်း

မင်္ဂလာပါ။ ကျွန်တော်ကတော့ ဟန်ဝင်းကြိုင်ပါ။ စေတနာမှာ ၂၀၁၈ ခုနှစ် ဧပြီလက အလုပ်စဝင်ခဲ့ပါတယ်။ အလုပ်လုပ်တာတစ်နှစ်ကျော်မှာ စေတနာရဲ့ လုပ်ငန်းသဘောတရားတွေကိုလည်း ပိုနားလည်လာသလို စေတနာအဖွဲ့ဝင်ဖြစ်ရတာလည်း ဂုဏ်ယူမိပါတယ်။

ကျော်ရဲလှိုင်

လက်ထောက်ကွင်းဆင်းအရာရှိ

ကျွန်တော်က စေတနာလားရှိုးရုံးမှာ လက်ထောက်ကွင်းဆင်းအရာရှိတာဝန်နဲ့ အလုပ်လုပ်နေတဲ့ ကျော်ရဲလှိုင်ပါ။ ကျွန်တော်တို့ဒေသဖွံ့ဖြိုးရေးအတွက်ထောက်ပံ့ပေးနေသော စေတနာအဖွဲ့အစည်းကို ကျေးဇူးတင်ပါတယ်။ ဒီစီမံကိန်းလုပ်ငန်းတွေမှာ တစ်ခန်းတစ်ကဏ္ဏကနေ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းကနေ နယ်စပ်ဒေသတွေရဲ့ပညာရေးစနစ်အတွက် ထောက်ပံ့မှုများပေးနေတဲ့အတွက် ဒီနိုင်ငံသားတစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားသွားပါမယ်။

အေးအေးသန့်

စီမံကိန်းဒါရိုက်တာ

ကျွန်မတို့ရဲ့ ဝေးလံခေါင်ဖျားဒေသများဆီက ဒေသခံပြည်သူတွေအတွက် ဒေသတိုးတက်ဖွံ့ဖြိုးရေးကို အဓိကဖော်ဆောင်နေတဲ့ စေတနာရဲ့ EPD စီမံကိန်းမှာ ကိုယ်တတ်စွမ်းသလောက် လုပ်ကိုင်သွားပါမယ်။

ခွန်သန်းဝင်းဦး

လက်ထောက်ကွင်းဆင်းအရာရှိ

ကျွန်တော်က ခွန်သန်းဝင်းဦးပါ။ ရှမ်းပြည်နယ် တောင်ကြီးမှာနေပါတယ်။ ကျွန်တော် စေတနာမှာ လက်ထောက်ကွင်းဆင်းအရာရှိအနေနဲ့ လုပ်နေတာတော့ ၇ နှစ်နီးပါးရှိပါပြီ။ စေတနာဝန်ထမ်းဖြစ်ရတာ ဝမ်းသာဂုဏ်ယူပါတယ်။

ခွန်သိန်းမောင်

လက်ထောက်ကွင်းဆင်းအရာရှိ

ကျွန်တော့နာမည် ခွန်သိန်းမောင်ပါ။ ၂၀၀၃ ခုနှစ်ကတည်းက စေတနာမှာ လက်ထောက်ကွင်းဆင်းအရာရှိတာဝန် လုပ်ဆောင်လာပါတယ်။ နယ်မြေဒေသအမျိုးမျိုးသွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံရ၊ ပူးပေါင်းလုပ်ဆောင်ရတဲ့ အတွေ့အကြုံအသစ်တွေရတဲ့အတွက် စေတနာကို ကျေးဇူးတင်ပါတယ်။

ကယားပြည်နယ်

စေတနာအဖွဲ့ဝင်များ

 

နန်းဝင်းဝင်းချို

စီမံခန့်ခွဲရေးအရာရှိ

မြန်မာ့ရိုးရာအနေနဲ့ အရင်ဦးဆုံး မင်္ဂလာပါလို့ နှုတ်ဆက်ချင်ပါတယ်။ ကျွန်မက နန်းဝင်းဝင်းချိုပါ။ စေတနာမှာ အလုပ်လုပ်လာတာ ၈ နှစ်ရှိပါပြီ။ စေတနာရဲ့စီမံကိန်းတွေက ဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုပါတယ်။ ကျေးလက်ဒေသမှာမွေးဖွားလာတဲ့ ကျွန်မတို့လို့ ဒေသခံတွေက စေတနာကို အရမ်းကျေးဇူးတင်ပါတယ်။ စေတနာမှာ တစ်တပ်တစ်အားပါဝင်ရတာ ဂုဏ်ယူမိပါတယ်။

ခွန်ရဲနောင်

ကွင်းဆင်းအရာရှိ

စေတနာတောင်ကြီးရုံးမှာ ကွင်းဆင်းအရာရှိတာဝန်လုပ်ကိုင်နေတဲ့ ခွန်ရဲနောင်ပါ။ နိပွန်ဖောင်ဒေးရှင်းရဲ့ထောက်ပံ့မှုနဲ့ ဒေသဖွံ့ဖြိုးရေးကိုလုပ်ဆောင်နေတဲ့ စေတနာမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ရှေ့ဆက်ပြီးလည်း ပါဝင်လုပ်ကိုင်သွားပါဦးမယ်။

ခွန်စံတင့်

လက်ထောက်ကွင်းဆင်းအရာရှိ

ကျွန်တော်ကတော့ ခွန်စံတင့်ပါ။ ၂၀၁၈ ခုနှစ် စက်တင်ဘာလကစပြီး လက်ထောက်ကွင်းဆင်းအရာရှိအနေနဲ့ စေတနာမှာ အလုပ်ဝင်ခဲ့ပါတယ်။ စေတနာမှာ အလုပ်လုပ်ရတာ ပျော်ပါတယ်။ စေတနာက ကျောင်းတွေဆောက်တယ်၊ ဒေသဖွံ့ဖြိုးရေးကို ဖော်ဆောင်တယ်၊ စိုက်ပျိုးရေးလုပ်ငန်းတိုးတက်အောင်လုပ်တယ်။ ဒီလိုစီမံကိန်းမျိုးမှာ ကျွန်တော့ကိုပါဝင်ခွင့်ပေးတဲ့အတွက် စေတနာကို ကျေးဇူးတင်ပါတယ်။ စေတနာမှာလုပ်ကိုင်ရင်း အများကြီးသင်ယူသွားပါမယ်။ ကျေးဇူးတင်ပါတယ်။

ခွန်နေအောင်

စီမံခန့်ခွဲရေးအရာရှိ

မင်္ဂလာပါ။ ၂၀၁၄ ခုနှစ် ဧပြီလကစပြီး စေတနာမှာ အလုပ်လုပ်ခဲ့တဲ့ ခွန်နေအောင်ပါ။ ကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ တစ်ဖက်တစ်လမ်းက ထောက်ပံ့နေတဲ့စေတနာမှာ လုပ်ရတာ ဂုဏ်ယူပါတယ်။ အဓိကရန်ပုံငွေကိုထောက်ပံ့ပေးနေတဲ့ နိပွန်ဖောင်ဒေးရှင်းကို ကျေးဇူးတင်ပါတယ်။ ရှေ့နှစ်တွေမှာလည်း ကြိုးစားအလုပ်လုပ်သွားပါမယ်။

ခွန်ကျော်ဟန်လင်း

ကွင်းဆင်းအရာရှိ

စေတနာကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက အလုပ်ဝင်ခဲ့ပါတယ်။ စေတနာရဲ့ EPD စီမံကိန်းဟာ ဒေသဖွံ့ဖြိုးရေးကို အဓိကလုပ်ဆောင်ပါတယ်။ ကလေးများရဲ့ကျောင်းပတ်ဝန်းကျင်နှင့် ဒေသလူနေမှုဘဝတိုးတက်ဖို့အတွက် ဖြစ်ပါတယ်။ စေတနာမှာ အလုပ်လုပ်ရတာ ဂုဏ်ယူမိပြီး အကောင်းဆုံးကြိုးစားသွားပါမယ်။

ငါးရယ်

ယာဉ်မောင်း

ကျွန်တော်ကတော့ စေတနာကယားရုံးမှာ ယာဉ်မောင်းတာဝန်ယူထားတဲ့ ဦးငါးရယ်ပါ။ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က အလုပ်စဝင်ပါတယ်။ စေတနာရဲ့ EPD စီမံကိန်းကို ကျွန်တော့အနေနဲ့ စိတ်ဝင်စားတဲ့အတွက်ကြောင့် စေတနာမှာ အလုပ်လုပ်ရတာ ဝမ်းသာပါတယ်။ အဖွဲ့အစည်းအတွက် ကြိုးစားအလုပ်လုပ်သွားပါမယ်။ အခုလိုအချိန်ပေးပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

ရန်ကုန်တိုင်း

စေတနာအဖွဲ့ဝင်များ

ဆုထွေးမြင့်

အထွေထွေဒါရိုက်တာ

ဝန်ထမ်းများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုက အရမ်းအရေးကြီးတယ်လို့ ကျွန်မထင်မြင်မိပါတယ်။ စေတနာရဲ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ကျွန်မရဲ့အလုပ်တာဝန်တွေကို ကောင်းစွာလုပ်ကိုင်သွားပါမယ်။ ဒီအဖွဲ့အစည်းနဲ့ ရေရှည်လက်တွဲသွားပြီး သင်ယူလေ့လာရင်း နောက်ထပ်တာဝန်များစွာကို ကျေပွန်သွားချင်ပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို ဒီထက်ပိုမြှင့်တင်ရင်း ဒေသဖွံ့ဖြိုးရေးကို ပိုမိုလုပ်ဆောင်သွားမှာပါ။ စေတနာမှာ အလုပ်လုပ်လာတာ ၁၇ နှစ်ရှိပြီမို့လို့ ကျွန်မအတွက် စေတနာက ဒုတိယမိသားစုပါပဲ။

နာအိုကို ဝဒ

စာရင်းစစ်

စေတနာကို ၂၀၀၅ ခုနှစ်မှာ အလုပ်ဝင်ခဲ့ချိန်ကစပြီး လူကောင်းတွေနဲ့တွေ့ဆုံရပြီး အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းပါတယ်။ မြန်မာနိုင်ငံဟာ အကောင်းဘက်ကိုပြောင်းလဲလာနေပေမယ့်လည်း လုပ်စရာတွေအများကြီး ကျန်နေသေးတယ်လို့ ကျွန်မထင်တယ်။ ကျွန်မအနေနဲ့ ဆက်ပြီးတော့လည်း တတ်နိုင်သလောက် ပါဝင်ကူညီပေးသွားပါဦးမယ်။

မြဌေး (မချို)

အထွေထွေဝန်ထမ်း

စေတနာမှာ ၂၀၀၅ ခုနှစ်ကစပြီး အလုပ်လုပ်ခဲ့ပါတယ်။ စေတနာဆိုတဲ့ နာမည်အတိုင်း နိုင်ငံပညာရေးတိုးတက်လာအောင် ကျောင်းတွေဆောက်ပေးနေတဲ့ စေတနာမှာ အလုပ်လုပ်ရတာ အရမ်းပျော်ပါတယ်။

စုနန္ဒာဝင်း

စီမံခန့်ခွဲရေးအရာရှိ

ကျွန်မက စေတနာရန်ကုန်ရုံးက စီမံခန့်ခွဲရေးအရာရှိ စုနန္ဒာဝင်းပါ။ စေတနာမှာ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လက အလုပ်ဝင်ခဲ့ပါတယ်။ EPD စီမံကိန်းလိုအပ်ချက်တွေကိုစီမံခန့်ခွဲပေးရင်း လိုအပ်နေသောပြည်သူတွေအတွက်ပါ အလုပ်လုပ်ပေးရတဲ့အတွက် စေတနာဝန်ထမ်းဖြစ်ရတာ ဂုဏ်ယူပါတယ်။ အခုလို ဒေသခံဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ပါဝင်လုပ်ကိုင်ခွင့်ပေးတဲ့ စေတနာကို ကျေးဇူးတင်မိပါတယ်။

စောတင်မောင်ထွန်း

ယာဉ်မောင်း

ကျွန်တော်ကတော့ စောတင်မောင်ထွန်းပါ။ စေတနာရန်ကုန်ရုံးမှာ ယာဉ်မောင်းလုပ်ပါတယ်။ ကျွန်တော်တို့စေတနာအဖွဲ့ဟာ နယ်စပ်ဒေသက ဒေသခံလူမျိုးတွေအတွက် ကျောင်းဆောက်တာတွေ၊ ဝင်ငွေတိုးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

ယမင်းမူယာ

လက်ထောက်လူမှုဆက်ဆံရေးအရာရှိ

မင်္ဂလာပါ။ ကျွန်မက စေတနာမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလကစပြီး အလုပ်လုပ်ခဲ့ပါတယ်။ ကလေးငယ်တွေက နိုင်ငံအတွက် အနာဂတ်ခေါင်းဆောင်တွေဖြစ်သလို ပညာရေးစနစ်တိုးတက်အောင်လုပ်ဖို့က မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံငယ်တစ်ခုအတွက် ပထမဦးစားပေးလုပ်ရမယ့်အရာလို့ ထင်ပါတယ်။ စေတနာရဲ့စီမံကိန်းတွေက ကျေးရွာဒေသတွေရဲ့ အခြေခံပညာရေးအခြေအနေကို တစ်စိတ်တစ်ပိုင်းကူညီပံ့ပိုးပေးနေတာဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ အကောင်းဆုံးလုပ်သွားမှာပါ။