+95 9421117713

©2019 by Saetanar

 

ကျောင်းကစားကွင်းပစ္စည်းများတပ်ဆင်ပေးခဲ့သောမှတ်တမ်း

၂၀၁၇ စီမံကိန်းနှစ်

  • ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၁၃ ကျောင်း

  • ရှမ်းပြည်နယ်တောင်ပိုင်းမှ ၁၃ ကျောင်း

စုစုပေါင်း ၂၆ ကျောင်း

၂၀၁၈ စီမံကိန်းနှစ်

  • ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၄ ကျောင်း

  • ရှမ်းပြည်နယ်တောင်ပိုင်းမှ ၁၀ ကျောင်း

  • ကယားပြည်နယ်မှ ၂ ကျောင်း

စုစုပေါင်း ၁၆ ကျောင်း

 

ကျောင်းကစားကွင်းပစ္စည်းတပ်ဆင်ခြင်းလုပ်ငန်း

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စေတနာအဖွဲ့သည် နိပွန်ဖောင်ဒေးရှင်းထံမှ အားကစားရန်ပုံငွေအဖြစ် ဂျပန်ယမ်း ၆,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅၆,၅၇၈.၆၄) တန်ဖိုးရှိသော လှူဒါန်းငွေကို လက်ခံရရှိခဲ့ပါသည်။ စေတနာမှ EPD စီမံကိန်းဖြင့် ဆောက်လုပ်ခဲ့သောကျောင်းများတွင် ထိုရန်ပုံငွေဖြင့် ကျောင်းကစားကွင်းပစ္စည်းများ တပ်ဆင်ပေးလျှက်ရှိပါသည်။ ကျောင်းကစားကွင်းပစ္စည်းတစ်စုံတပ်ဆင်ခြင်းအတွက်ကုန်ကျစရိတ်မှာ တစ်ကျောင်းလျှင် မြန်မာငွေ ၂,၆၉၀,၀၀၀ ကျပ်ဖြစ်ပါသည်။
ကျောင်းကစားကွင်းပစ္စည်းများတပ်ဆင်ခြင်းအစီအစဉ်၏ အဓိကရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ကလေးငယ်များအတွက် သာယာပျော်ရွှင်စရာကျောင်းပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းဖြင့် ကျောင်းတွင်းလှုပ်ရှားမှုများတွင် စိတ်ဝင်စားမှုနှင့် စာသင်ကြားလိုမှုကို မြှင့်တင်ပေးခြင်း

  • ကိုယ်လက်လှုပ်ရှားကစားခြင်းဖြင့် ကျန်းမာတက်ကြွသောနေထိုင်မှုအလေ့အကျင့်ရှိအောင် ပျိုးထောင်ပေးခြင်း

  • ကျောင်းသားကျောင်းသူများအချင်းချင်းရင်းနှီးမှုတိုးပွားစေခြင်းဖြင့် အသင်းအဖွဲ့စိတ်ဓါတ်ရရှိစေခြင်း

စာသင်ကျောင်းဆိုသည်မှာ ကျောင်းသားကျောင်းသူများကို စိတ်ညစ်ညူးစေသောနေရာ မဖြစ်သင့်ပါ။ “ကျောင်းနေပျော်မှ စာတော်မည်” ဟူသော မြန်မာဆိုရိုးအတိုင်း ကျေးလက်ဒေသရှိ စာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများအတွက် စေတနာမှ ပျော်ရွှင်တက်ကြွသော ကျောင်းပတ်ဝန်းကျင်တစ်ခုရရှိနိုင်စေဖို့ ရည်ရွယ်ထောက်ပံ့ပေးသွားဦးမည်ဖြစ်ပါသည်။