+95 9421117713

©2019 by Saetanar

 

စီမံကိန်းအကြောင်းအရာ

စီမံကိန်းနောက်ခံ

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအများစုနေထိုင်သောနယ်စပ်ဒေသများသည် မြို့ပြဒေသများနှင့်ယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုမှာ နှောင့်နှေးလျှက်ရှိသည်။
အစိုးရနှင့် အစိုးရမဟုတ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့အစည်းများအကြားရှိ နားလည်သဘောတူညီမှုမှာ ယခုအခါတွင် အရှိန်အဟုန်မြင့်လာပြီး လူနေမှုအခြေအနေဖွံ့ဖြိုးတိုးတက်စပြုလာပြီဖြစ်သော်လည်း အခြေခံအဆောက်အဦးများ လိုအပ်မှုရှိခြင်း၊ ဆင်းရဲနွမ်းပါးခြင်းတို့ကြောင့် ဒေသစီးပွားရေးမပြေလည်သောနေရာများတွင် ကလေးငယ်များအတွက် အခြေခံပညာရေးကိုသင်ယူနိုင်ရေးကပင် ခက်ခဲနေဆဲဖြစ်သည်။
စေတနာ၏စီမံကိန်းများကိုလုပ်ဆောင်ရာတွင် အစိုးရနှင့် အခြားအစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အထောက်အပံ့အကူအညီအားနည်းနေသေးသော ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်၏အချို့နယ်စပ်ဒေသများတွင် ဒေသခံများ၏ပူးပေါင်းပါဝင်မှုကို အလေးပေးသည့်စနစ်ဖြင့် ကျောင်းဆောင်သစ်များဆောက်လုပ်ခြင်း၊ လယ်ယာစိုက်ခင်းများတိုးချဲ့စိုက်ပျိုးခြင်းများကို ဆောင်ရွက်နေပါသည်။

စီမံကိန်းရည်မှန်းချက်

နယ်စပ်ဒေသများတွင် ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း၊ ကျောင်းဆောင်ဟောင်းများကို ပြုပြင်ခြင်းနှင့် တိုးချဲ့ခြင်းစီမံကိန်းများသည် ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးနေသောဒေသများရှိ ကလေးငယ်များ ကျယ်ပြန့်သောပညာရေးအခွင့်အလမ်းများရရှိရန် ရည်ရွယ်သည်။
ကျောင်းဆောင်သစ်များဆောက်လုပ်ပြီးစီးသောရပ်ရွာများတွင် ဒေသဖွံ့ဖြိုးဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ လုပ်ကိုင်စေခြင်းဖြင့် ကျောင်းဆောင်ကိုရေရှည်ထိန်းသိမ်းရေးအတွက်ရန်ပုံငွေရရှိရန် ရည်ရွယ်သည်။
လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးရေးနှင့်တိုးချဲ့ရေးစီမံကိန်းမှာ ဒေသခံလယ်သမားများ၏ အသက်မွေးလမ်းကြောင်းလုပ်ငန်းကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်သည်။
တိုင်းပြည်၏အနာဂတ်ကိုပုံဖော်မည့်ကလေးငယ်များအား ပညာရေးအခွင့်အလမ်းများပေးအပ်နိုင်ရန်၊ နယ်စပ်ဒေသလူနေမှုဘဝများ တည်ငြိမ်အေးချမ်းစေရန်နှင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် တစ်တပ်တစ်အားထောက်ပံ့ကူညီနိုင်ရန် စေတနာမှ အဓိကရည်ရွယ်ပါသည်။

စီမံကိန်းသက်တမ်း

  • စီမံကိန်းအဆင့်-၁ (၂၀၀၂-၂၀၀၇)

  • စီမံကိန်းအဆင့်-၂ (၂၀၀၈-၂၀၁၂)

  • စီမံကိန်းအဆင့်-၃ (၂၀၁၃-၂၀၁၇)

  • စီမံကိန်းအဆင့်-၄ (၂၀၁၈-၂၀၂၂)

စီမံကိန်းနယ်မြေ

  1. ရှမ်းပြည်နယ်မြောက်ပိုင်း

  2. ရှမ်းပြည်နယ်တောင်ပိုင်း

  3. ကယားပြည်နယ်