ကယားပြည်နယ်တွင် ပထမဆုံးဆောက်လုပ်သော
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား
မတ်လ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်
စေတနာအဖွဲ့အစည်းသည် ၂၀၁၈ ခုနှစ်မှစ၍ ကယားပြည်နယ်တွင် EPD စီမံကိန်းကို တိုးချဲ့အကောင်အထည်ဖော်ခဲ့သည်။ လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာရှိ ပိန်းချစ်အလကခွဲနှင့် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာရှိ ငွေတောင်အထကခွဲတွင် စာသင်ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးပြီဖြစ်ရာ ထိုကျောင်းဆောင်များအား ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်နေ့က ကျောင်း ၂ ကျောင်းလုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဂုဏ်သရေရှိလူကြီးမင်းများဖြစ်သော ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ၊ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ မစ္စတာ ယူဂျီ မိုရီနှင့် အခြားတာဝန်ရှိသူများ၊ စေတနာအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီဝင်များနှင့် ဒေသခံတိုင်းရင်းသားညီအစ်ကိုမောင်နှမများမှ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ပိန်ချစ် BEMS (ဘဏ်ခွဲ)
![]() Pein Chit (1).JPG | ![]() Pein Chit (2).JPG | ![]() Pein Chit (3).JPG |
|---|---|---|
![]() Pein Chit (4).JPG | ![]() Pein Chit (5).JPG | ![]() Pein Chit (6).JPG |
ငွေတောင် BEHS(B)
![]() Ngwe Taung (1).JPG | ![]() Ngwe Taung (2).JPG | ![]() Ngwe Taung (3).JPG |
|---|---|---|
![]() Ngwe Taung (4).JPG | ![]() Ngwe Taung (5).JPG | ![]() Ngwe Taung (6).JPG |













