top of page

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းပေါခုံရွာသစ်

ဒေါ်သန်းမြတ်မွန်

ဒေါ်သန့်မြတ်မွန်.jpg

ကျွန်မနာမည် ဒေါ်သန်းမြတ်မွန်ဖြစ်ပါတယ်။ အသက် ၃၇ နှစ် ရှိပါပြီ။ အမျိုးသားကတော့ ဦးမင်းအောင်ဖြစ်ပြီး စိုက်ပျိုးရေးအလုပ်လုပ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းကနေ တစ်နှစ်ကို သိန်း နှစ်ဆယ်ခန့် ရှိပါတယ်။ အသေးစားချေးငွေလုပ်ငန်းကနေ ၂၀၁၂ ခုနှစ်မှာ ပထမဆုံးအကြိမ် ချေးငွေ ၅၀၀၀၀ ကျပ် ရယူခဲ့ပါတယ်။ ရတဲ့ချေးငွေနဲ့ အိမ်ရှေ့မှာ မုန့်မျိုးစုံရောင်းတဲ့ကုန်စုံဆိုင်လေး ဖွင့်ခဲ့ပါတယ်။  မုန့်ရောင်းတဲ့အလုပ်မှာ အတွေ့အကြုံရလာတာနဲ့ အမျိုးသားရဲ့ဝင်ငွေနဲ့ ဆိုင်ကိုတိုးချဲ့ခဲ့ပါတယ်။ ဒီဆိုင်ကရတဲ့ဝင်ငွေနဲ့ အိမ်တစ်လုံးဆောက်ခဲ့ပါတယ်။ အခုချိန်ထိဆို ချေးငွေယူလာတာ ၁၆ ကြိမ် ရှိပါပြီ။ ချေးငွေအကူအညီနဲ့ လုပ်ငန်းကို တိုးချဲ့လာတာ အခုဆို မုန့်မျိုးစုံသာမက အိမ်သုံးပစ္စည်း၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကိုပါ ရောင်းနေပါတယ်။
ဒီအသေးစားချေးငွေလုပ်ငန်းက ကျွန်မတို့လို ကိုယ်ပိုင်စီးပွားရေးလေးစတင်ချင်တဲ့သူတွေအတွက် အများကြီးအကူအညီဖြစ်ပါတယ်။ ကျွန်မတို့ကျေးရွာအတွက် ကျောင်းဆောင်ဆောက်လုပ်ပေးတဲ့အပြင် ကျေးရွာဖွံ့ဖြိုးဝင်ငွေတိုးလုပ်ငန်းအတွက် ရန်ပုံငွေပါ ထောက်ပံ့ပေးတဲ့ နီပွန်ဖောင်ဒေးရှင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ အလှူရှင်တွေလည်း ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်မတို့ရွာကိုအလည်လာဖို့ အားလုံးကိုဖိတ်ခေါ်ပါတယ်။

hyo-s-၂၀၁၉၀၇၃၀-IMG_၁၆၄၅.jpg
Daw Zin Mar Win, Inn Paw Kone Ywa Thit_Nov 2019
01:18
Daw Than Myant Moon, Inn Paw Khone Ywa Thit_Nov 2019
01:19
Daw Khin Myo Thint, Inn Paw Khone Ywa Thit_Nov 2019
00:45
Daw Hinn Yee, Inn Paw Khone Ywa Thit_Nov 2019
00:56

+၉၅ ၉၈၉၁၁၆၄၆၇၇

  • Facebook
  • Instagram

©၂၀၂၅ ခုနှစ် စေတနာအဖွဲ့

bottom of page