ရှမ်းပြည်နယ်မြောက်ပိုင်း
စေတနာအဖွဲ့ဝင်များ

တင်လေး
အမှုဆောင်ဒါရိုက်တာ
ကျွန်တော်ကတော့ စေတနာကို ၂၀၀၃ အောက်တိုဘာလမှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ စေတနာရဲ့ဝန်ထမ်းတွေနဲ့ အလုပ်အတူတူလုပ်ရတာ ပျော်ရွှင်စရာကောင်းတယ်။ ကျွန်တော့အသက် ၈၃ နှစ်ရှိပြီဆိုပေမယ့် စိတ်ရောလူရော ကျန်းမာကြံ့ခိုင်နေတုန်းအချိန်မှာ စေတနာမှာ အလုပ်တွေလုပ်နေဦးမှာပါ။ နိပွန်ဖောင်ဒေးရှင်းနဲ့ စေတနာအဖွဲ့အစည်းလည်း မြန်မာလူမျိုးများကို ဆက်လက်ပံ့ပိုးကူညီသွားနိုင်ဖို့ မျှော်လင့်မိပါတယ်။

မိုးကိုကို
လက်ထောက်ကွင်းဆင်းအရာရှိ
အားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော်ကတော့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး စေတနာလားရှိုးရုံးမှာ ယာဉ်မောင်းရာထူးနဲ့ အလုပ်လုပ်နေတဲ့ ဦးမိုးကိုကိုဖြစ ်ပါတယ်။ စေတနာမှာ ကျွန်တော်အလုပ်လုပ်လာတာ ၈ နှစ်ကျော်ရှိပါပြီ။ စေတနာက ကလေးများရဲ့ပညာရေးအတွက် ကျောင်းဆောင်သစ်ဆောက်ပေးနေတာတွေ၊ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်နေတာတွေအတွက် ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်ပြီး စေတနာမှာ အကောင်းဆုံးကြိုးစားလုပ်ကိုင်သွားပါမယ်။

နန်းလောဝ်ခမ်း
စီမံခန့်ခွဲရေးအရာရှိ
ကျွန်မကတော့ နန်းလောဝ်ခမ်းပါ။ စေတနာကို လက်ထောက်စီမံခန့်ခွဲရေးအရာရှိအနေနဲ့ ၂၀၁၂ ခုနှစ် ဩဂုတ်လက အလုပ်ဝင်ခဲ့ပါတယ်။ စေတနာက ကလေးများရဲ့ပညာရေးအတွက် ကျောင်းဆောင်သစ်တွေဆောက်ပေးရုံမဟုတ်ဘဲ ဒေသခံများရဲ့လူနေမှုဘဝအတွက် ဝင်ငွေတိုးလုပ်ငန်းများကိုပါ လုပ်နေတာဖြစ်တဲ့အတွက် စေတနာရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ရတာ အရမ်းဂုဏ်ယူမိတယ်။ အတွေ့အကြုံတွေလည်းအများကြီးရပြီး စီမံကိန်းတွေမှာပါဝင်လုပ်ကိုင်ရတာ ကြည်နူးဖို့ကောင်းပါတယ်။

ကျော်ရဲလှိုင်
လက်ထောက်ကွင်းဆင်းအရာရှိ
ကျွန်တော်က စေတနာလားရှိုးရုံးမှာ လက်ထောက်ကွင်းဆင်းအရာရှိတာဝန်နဲ့ အလုပ်လုပ်နေတဲ့ ကျော်ရဲလှိုင်ပါ။ ကျွန်တော်တ ို့ဒေသဖွံ့ဖြိုးရေးအတွက်ထောက်ပံ့ပေးနေသော စေတနာအဖွဲ့အစည်းကို ကျေးဇူးတင်ပါတယ်။ ဒီစီမံကိန်းလုပ်ငန်းတွေမှာ တစ်ခန်းတစ်ကဏ္ဏကနေ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းကနေ နယ်စပ်ဒေသတွေရဲ့ပညာရေးစနစ်အတွက် ထောက်ပံ့မှုများပေးနေတဲ့အတွက် ဒီနိုင်ငံသားတစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားသွားပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်း
စေတနာအဖွဲ့ဝင်များ

အေးအေးသန့်
စီမံကိန်းဒါရိုက်တာ
ကျွန်မတို့ရဲ့ ဝေးလံခေါင်ဖျားဒေသများဆီက ဒေသခံပြည်သူတွေအတွက် ဒေသတိုးတက်ဖွံ့ဖြိုးရေးကို အဓိကဖော်ဆောင်နေတဲ့ စေတနာရဲ့ EPD စီမံကိန်းမှာ ကိုယ်တတ်စွမ်းသလောက် လုပ်ကိုင်သွားပါမယ်။

ခွန်သန်းဝင်းဦး
လက်ထောက်ကွင်းဆင်းအရာရှိ
ကျွန်တော်က ခွန်သန်းဝင်းဦးပါ။ ရှမ်းပြည်နယ် တောင်ကြီးမှာနေပါတယ်။ ကျွန်တော် စေတနာမှာ လက်ထောက်ကွင်းဆင်းအရာရှိအနေနဲ့ လုပ်နေတာတော့ ၁၆ နှစ်နီးပါးရှိပါပြီ။ စေတနာဝန်ထမ်းဖြစ်ရတာ ဝမ်းသာဂုဏ်ယူပါတယ်။

ခွန်သိန်းမောင်
လက်ထောက်ကွင်းဆင်းအရာရှိ
ကျွန်တော့နာမည် ခွန်သိန်းမောင်ပါ။ ၂၀၀၃ ခုနှစ်ကတည်းက စေတနာမှာ လက်ထောက်ကွင်းဆင်းအရာရှိတာဝန် လုပ်ဆောင်လာပါတယ်။ နယ်မြေဒေသအမျိုးမျိုးသွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံရ၊ ပူးပေါင်းလုပ်ဆောင်ရတဲ့ အတွေ့အကြုံအသစ်တွေရတဲ့အတွက် စေတနာကို ကျေးဇူးတင်ပါတယ်။

နန်းဝင်းဝင်းချို
စီမံခန့်ခွဲရေးအရာရှိ
မြန်မာ့ရိုးရာအနေနဲ့ အရင်ဦးဆုံး မင်္ဂလာပါလို့ နှုတ်ဆက်ချင်ပါတယ်။ ကျွန်မက နန်းဝင်းဝင်းချိုပါ။ စေတနာမှာ အလုပ်လုပ်လာတာ ၁၉ နှစ်ရှိပါပြီ။ စေတနာရဲ့စီမံကိန်းတွေက ဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုပါတယ်။ ကျေးလက်ဒေသမှာမွေးဖွားလာတဲ့ ကျွန်မတို့လို့ ဒေသခံတွေက စေတနာကို အရမ်းကျေးဇူးတင်ပါတယ်။ စေတနာမှာ တစ်တပ ်တစ်အားပါဝင်ရတာ ဂုဏ်ယူမိပါတယ်။

ခွန်ရဲနောင်
ကွင်းဆင်းအရာရှိ
စေတနာတောင်ကြီးရုံးမှာ ကွင်းဆင်းအရာရှိတာဝန်လုပ်ကိုင်နေတဲ့ ခွန်ရဲနောင်ပါ။ နိပွန်ဖောင်ဒေးရှင်းရဲ့ထောက်ပံ့မှုနဲ့ ဒေသဖွံ့ဖြိုးရေးကိုလုပ်ဆောင်နေတဲ့ စေတနာမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ရှေ့ဆက်ပြီးလည်း ပါဝင်လုပ်ကိုင်သွားပါဦးမယ်။

ခွန်စံတင့်
လက်ထောက်ကွင်းဆင်းအရာရှိ
ကျွန်တော်ကတော့ ခွန်စံတင့်ပါ။ ၂၀၁၈ ခုနှစ် စက်တင်ဘာလကစပြီး လက်ထောက်ကွင်းဆင်းအရာရှိအနေနဲ့ စေတနာမှာ အလုပ်ဝင်ခဲ့ပါတယ်။ စေတနာမှာ အလုပ်လုပ်ရတာ ပျော်ပါတယ်။ စေတနာက ကျောင်းတွေဆောက်တယ်၊ ဒေသဖွံ့ဖြိုးရေးကို ဖော်ဆောင်တယ်၊ စိုက်ပျိုးရေးလုပ်ငန်းတိုးတက်အောင်လုပ်တယ်။ ဒီလိုစီမံကိန်းမျိုးမှာ ကျွန်တော့ကိုပါဝင်ခွင့်ပေးတဲ့အတွက် စေတနာကို ကျေးဇူးတင်ပါတယ်။ စေတနာမှာလုပ်ကိုင်ရင်း အများကြီးသင်ယူသွားပါမယ်။ ကျေးဇူးတင်ပါတယ်။

ခွန်နေအောင်
စီမံခန့်ခွဲရေးအရာရှိ
မင်္ဂလာပါ။ ၂၀၁၄ ခုနှစ် ဧပြီလကစပြီး စေတနာမှာ အလုပ်လုပ်ခဲ့တဲ့ ခွန်နေအောင်ပါ။ ကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ တစ်ဖက်တစ်လမ်းက ထောက်ပံ့နေတဲ့စေတနာမှာ လုပ်ရတာ ဂုဏ်ယူပါတယ်။ အဓိကရန်ပုံငွေကိုထောက်ပံ့ပေးနေတဲ့ နိပွန်ဖောင်ဒေးရှင်းကို ကျေးဇူးတင်ပါတယ်။ ရှေ့နှစ်တွေမှာလည်း ကြိုးစားအလုပ်လုပ်သွားပါမယ်။
ရန်ကုန်တိုင်း
စေတနာအဖွဲ့ဝင်များ

ငါးရယ်
လက်ထောက် အုပ်ချုပ်ရေးအရာရှိ
ကျွန်တော် ငါးရယ်ပါ။ ၂၀၁၈ ခုနှစ်မှာ စေတနာအဖွဲ့အစည်းမှာ စတင်ပါဝင်ခဲ့ပါတယ်။ စေတနာအဖွဲ့အစည်းက ပညာရေးနဲ့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော်န ေပြီး ဒီစီမံကိန်းကိုလည်း စိတ်ဝင်စားတဲ့အတွက် စေတနာအဖွဲ့အစည်းမှာ လုပ်ကိုင်ရတာ အရမ်းဝမ်းသာပါတယ်။ အနာဂတ်မှာ အဖွဲ့အစည်းနဲ့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ချက်တွေအတွက် အကောင်းဆုံးကြိုးစားနေပြီး ကျေးရွာလူထုအတွက် ဖွံ့ဖြိုးတိုးတက်အောင်လည်း ဆက်လက်လုပ်ဆောင်သွားချင်ပါတယ်။

မို့မို့လွင်
ရုံးစာရေး
"မင်္ဂလာဘာ" ကျွန်မနာမည် မို့မို့လွင ်ပါ။ ကျွန်မက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ စေတနာအဖွဲ့အစည်းရုံးမှာ စတင်အလုပ်လုပ်ခဲ့ပါတယ်။ အနာဂတ်မျိုးဆက်သစ်ကလေးတွေရဲ့ ပညာရေးတိုးတက်ဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကျောင်းဆောက်လုပ်ရေးစီမံကိန်းတွေမှာ စေတနာအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ စေတနာအဖွဲ့အစည်းနဲ့ ပျော်ရွှင်စွာ ဆက်လက်လုပ်ဆောင်သွားပါမယ်။ စေတနာအဖွဲ့အစည်း အောင်မြင်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲမှု ရရှိပါစေလို့ ဆုတောင်းပါတယ်။

ဆုထွေးမြင့်
အုပ်ချုပ်ရေးဒါရိုက်တာ
ဝန်ထမ်းတိုင်းအတွက် တာဝန်ယူမှုသည် အလွန်အရေးကြီးသည်ဟု ကျွန်မယုံကြည်ပါသည်။ ဤအဖွဲ့အစည်း၏ ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိ၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး၊ တာဝန်ဝတ္တရားများကို အကောင်းဆုံး ဆောင်ရွက်ရန် ကျွန်မ အမြဲကြိုးစားပါသည်။
ကျွန်မ၏ ရေရှည်ရည်မှန်းချက်မှာ Saetanar နှင့်အတူ အသစ်၊ အသစ်သော အရာများကို ဆက်လက် လေ့လာသင်ယူကာ ပိုမိုကြီးမားသော တာဝန်များကို ထမ်းဆောင်နိုင်ရန် ဖြစ်သည်။ ထို့အပြင် မိမိ၏ ကျွမ်းကျင်မှုများကို ဆက်လက်မြှင့်တင်ပြီး လူထုအခြေပြုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမို ထိရောက်စွာ ပါဝင်ကူညီနိုင်ရန် ရည်မှန်းထားပါသည်။
ကျွန်မသည် Saetanar အဖွဲ့အစည်းတွင် အလုပ်လုပ်လာခဲ့သည်မှာ ၂၄ နှစ်ရှိပြီဖြစ်ပါသည်။ Saetanar သည် ကျွန်မအတွက် ဒုတိယမိသားစုတစ်ခုကဲ့သို့ ဖြစ်လာပြီး လူထုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပေါ် အလွန်အလေးထား၍ စိတ်အားထက်သန်စွာ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်သည်။

စု နန္ဒာဝင်း
အုပ်ချုပ်ရေးအရာရှိ
ကျွန်မနာမည်က စုနန္ဒာဝင်းပါ။ ရန်ကုန်ရုံးရဲ့ အုပ်ချုပ်ရေးအရာရှိတစ်ဦးပါ။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာ စေတနာအဖွဲ့ကို စတင်ဝင်ရောက်ခဲ့ပါတယ်။ EPD စီမံကိန်းတွေရဲ့ အဓိကအချက်တွေကို ဖြည့်စွက်ပေးခြင်းအားဖြင့် လိုအပ်နေသူတွေကို ဝန်ဆောင်မှုပေးနိုင်တဲ့အတွက် စေတနာအဖွဲ့ဝင်တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူမိပါတယ်။ လူသားချင်းစာနာထောက်ထားမှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ကျွန်မရဲ့ စိတ်ဝင်စားမှုကို ပါဝင်ကူညီခွင့်ရတဲ့အတွက် စေတနာအဖွဲ့ကို ဝမ်းမြောက်မိပါတယ်။ ကျေးဇူးတင်ရှိပါတယ်။

ယမင်းမူယာ
လက်ထောက်လူမှုဆက်ဆံရေးအရာရှိ
၂၀၀၅ ခုနှစ်တွင် စေတနာအဖွဲ့ (Saetanar) သို့ စတင်ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ ယနေ့တိုင် ကျွန်ုပ်၏လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်းမှ လူများစွာ၏ အားပေးကူညီမှုနှင့် အားပေးတိုက်တွန်းမှုများကြောင့် ဖြစ်ပါသည်။
ကျွန်ုပ် မြန်မာနိုင်ငံတွင် နေထိုင်လာခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအတွင်း မြန်မာနိုင်ငံသည် နက်ရှိုင်းသော အပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရသော်လည်း စိန်ခေါ်မှုများစွာမှာ ယနေ့တိုင် ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ ထိုစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများသည်လည်း ယခင်ကဲ့သို့ပင် အရေးကြီးနေဆဲဖြစ်ပါသည်။
ယခုအချိန်အထိ ကျွန်ုပ်ရရှိခဲ့သည့် အထောက်အပံ့နှင့် အားပေးကူညီမှုများအားလုံးအတွက် အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော လူမှုအသိုင်းအဝိုင်းများအတွက် တတ်နိုင်သမျှ ဆက်လက်အကျိုးပြုနိုင်ရန်နှင့် စေတနာအဖွဲ့၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် မိမိအနေဖြင့် အစဉ်အမြဲ ကြိုးပမ်းသွားမည်ဖြစ်ပါသည်။
အဓိပ္ပာယ်ရှိပြီး ရေရှည်တည်တံ့သော တိုးတက်မှုများ ရရှိအောင် အားလုံးနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။

